Family Eating Dinner Background

လွယ်ကူချိတ်ဆက် MyTogether App

ထိုင်းမှာ ဘာပဲလိုလို ခေါင်းမစားနဲ့တော့... မြန်မာအစားအသောက်တွေ ၊ ဗီဇာနဲ့ ငွေလဲနှုန်း အထိ MyTogether မှာရှိတယ်!

Scroll
ဝန်ဆောင်မှုများ

ထိုင်းမှာ အဆင်ပြေပြေနေနိုင်ဖို့ MyTogether က ဘာတွေ ကူညီပေးနိုင်မလဲ?

ထိုင်းရောက် မြန်မာတို့အတွက် အစားအသောက်၊ အလည်အပတ်၊ ဗီဇာနဲ့ ငွေလဲလှယ်နှုန်း အပြင် သတင်းအချက်အလက်အားလုံးကို MyTogether မှာ တစ်နေရာတည်း စုံစုံလင်လင် ရှာဖွေနိုင်ပါပြီ။

အကောင်းဆုံး ပလက်ဖောင်း။

ထိုင်းရောက်မြန်မာတို့အတွက် MyTogether App က ဘာလို့ မရှိမဖြစ် လိုအပ်တာလဲဆိုတော့...

မြန်မာဆိုင်တွေ အလွယ်တကူရှာမယ်

မြန်မာဆိုင်တွေ ဘယ်နားမှာရှိလဲ ခေါင်းစားမနေပါနဲ့တော့။

အိမ်လက်ရာကို လွမ်းဆွတ်နေတဲ့ ထိုင်းရောက်မြန်မာတွေအတွက် မြန်မာဆိုင်ကောင်းကောင်းတွေကို MyTogether မှာ စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ပါတယ်

မြန်မာဆိုင်တွေ အလွယ်တကူရှာမယ်

မြန်မာဆိုင်တွေ ဘယ်နားမှာရှိလဲ ခေါင်းစားမနေပါနဲ့တော့။

၁၀၀% စိတ်ချရတယ်

မြန်မာလက်ရာစစ်စစ် ဆိုင်တွေချည်းပဲနော်!

MyTogether ပလက်ဖောင်းပေါ်မှာ ရှိတဲ့ စားသောက်ဆိုင်လုပ်ငန်းတိုင်းဟာ တကယ့်ဆိုင်အစစ်အမှန်တွေ ဖြစ်ကြောင်းကို စနစ်တကျ စစ်ဆေးအတည်ပြုထားပါတယ်။

၁၀၀% စိတ်ချရတယ်

မြန်မာလက်ရာစစ်စစ် ဆိုင်တွေချည်းပဲနော်!

ကြုံဖူးတယ်မလား

ခေါင်းမစားနဲ့တော့... Map ပါ တစ်ခါတည်းပါတယ်!

ဆိုရှယ်မီဒီယာပေါ်က ရှုပ်ပွနေတဲ့ ပို့စ်တွေထဲမှာ အချိန်ကုန်မခံပါနဲ့တော့။ MyTogether Map နဲ့ဆို ဆိုင်ရှေ့အထိ အရောက်ပဲ။

ကြုံဖူးတယ်မလား

ခေါင်းမစားနဲ့တော့... Map ပါ တစ်ခါတည်းပါတယ်!

ထိုင်းမှာ ဘာတွေဖြစ်နေလဲ?

အခက်အခဲမရှိရအောင်... သတင်းမှန်သမျှ အမြဲတမ်းစောင့်ကြည့်ပါ။

သတင်းအမှားတွေ၊ ကောလာဟလတွေကြားထဲ ခေါင်းရှုပ်ပြီး ဘာကိုယုံရမှန်း မသိဖြစ်နေလား? မြန်မာတို့ ဘေးကင်း စိတ်အေးရအောင် တရားဝင် ထုတ်ပြန်ချက်တွေနဲ့ အရေးကြီး သတင်းထူးတွေကို မျက်ခြေမပြတ် တိတိကျကျ ကြည့်နိုင်ပါပြီ။

ထိုင်းမှာ ဘာတွေဖြစ်နေလဲ?

အခက်အခဲမရှိရအောင်... သတင်းမှန်သမျှ အမြဲတမ်းစောင့်ကြည့်ပါ။

ဗီဇာနှင့် ဥပဒေရေးရာ

ဗီဇာကိစ္စတွေကြောင့် ခေါင်းကိုက်မခံနဲ့တော့... ဒီမှာအကုန်ရှိတယ်!

မိသားစုအတွက် အဝေးမြေမှာ လာပြီး ရုန်းကန်နေရတဲ့ကြားထဲ ဗီဇာနဲ့ စာရွက်စာတမ်းကိစ္စတွေ ရှုပ်ထွေးတဲ့အခါ အားငယ်ပြီး ယောင်ချာချာ ဖြစ်ရတတ်ပါတယ်၊ အခုတော့ အားကိုးစရာ ရှိပြီနော်။

ဗီဇာနှင့် ဥပဒေရေးရာ

ဗီဇာကိစ္စတွေကြောင့် ခေါင်းကိုက်မခံနဲ့တော့... ဒီမှာအကုန်ရှိတယ်!

ယုံကြည်စိတ်ချရတဲ့ ငွေလဲနှုန်းတွေ ကြည့်ဖို့

မိသားစုဆီ ပို့မယ့် ချွေးနည်းစာလေးတွေ လုံခြုံစိတ်ချရစေရမယ်

ထိုင်းဘတ်မှ မြန်မာကျပ်သို့ ငွေလဲတဲ့ အချိန်တွေမှဦ မှန်ကန်တဲ့ ငွေလဲနှုန်းထားတွေနဲ့ လဲလည်နိုင်ဖို့ MyTogether App မှာ နေ့စဥ် ပေါက်စျေးများကို ကြည့်လို့ရပါပြီ။

ယုံကြည်စိတ်ချရတဲ့ ငွေလဲနှုန်းတွေ ကြည့်ဖို့

မိသားစုဆီ ပို့မယ့် ချွေးနည်းစာလေးတွေ လုံခြုံစိတ်ချရစေရမယ်

ပစ္စည်းပျောက်ရင် အလွယ်တကူရှာလို့ရမယ့်နေရာ

ဘာပဲပျောက်ပျောက်... ဝိုင်းရှာပေးမယ့် မိသားစုရှိတယ်

ပျောက်ဆုံးသွားတဲ့ အရေးကြီးပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို အမြန်ဆုံးနဲ့ ပြန်ရှာတွေ့နိုင်ဖို့ MyTogether အသိုင်းအဝိုင်းက ကူညီပေးမှာပါ။

ပစ္စည်းပျောက်ရင် အလွယ်တကူရှာလို့ရမယ့်နေရာ

ဘာပဲပျောက်ပျောက်... ဝိုင်းရှာပေးမယ့် မိသားစုရှိတယ်

လည်ပတ်စရာနေရာတွေလည်း ရှာလို့ရမယ်

အားလပ်ရက်မှာ အိမ်ထဲချည်းပဲ အောင်းမနေနဲ့... လည်ပတ်စရာတွေ အများကြီး!

ထိုင်းနိုင်ငံတစ်ဝှမ်းက နာမည်ကြီး အထင်ကရနေရာတွေ၊ ရှယ်လန်းတဲ့ ကမ်းခြေတွေနဲ့ အလှဆုံးနေရာတွေကို MyTogether မှာ အလွယ်တကူ ရှာလိုက်တော့။

လည်ပတ်စရာနေရာတွေလည်း ရှာလို့ရမယ်

အားလပ်ရက်မှာ အိမ်ထဲချည်းပဲ အောင်းမနေနဲ့... လည်ပတ်စရာတွေ အများကြီး!

ထိုင်းရောက်မြန်မာများအတွက် နှလုံးသားဖြင့် တည်ဆောက်ထားပါတယ်

MyTogether အဖွဲ့သားတွေဘာတွေအလုပ်ရှုပ်နေလဲ !

ဆိုင်တွေဆီ အရောက်သွားနေတာ ...
ဆိုင်တွေဆီ အရောက်သွားနေတာ

ဆိုင်တွေဆီ အရောက်သွားနေတာ ...

အွန်လိုင်းပေါ်မှာ တင်ထားတဲ့ လိပ်စာအမှားတွေ၊ ပိတ်သွားတဲ့ဆိုင်တွေကြောင့် အချိန်ကုန် လူပင်ပန်း မဖြစ်စေရဘူး။ MyTogether အဖွဲ့သားတွေ ကိုယ်တိုင် လမ်းမတွေပေါ်ဆင်း၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံစိစစ်ပြီး အပတ်တကုတ် ချိတ်ဆက်နေကြတာပါ။ ဆိုင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်၊ တည်နေရာကို Map နဲ့ တိတိကျကျ မှတ်တမ်းတင်ပြီးမှ MyTogether App ပေါ် တင်ပေးတာမို့... စားချင်တဲ့ မြန်မာလက်ရာ စစ်စစ်တွေကို လုံးဝ စိတ်ချလက်ချနဲ့ စက္ကန့်ပိုင်းအတွင်း ရှာဖွေစားသောက်နိုင်ပြီပေါ့!

ရင်ဘတ်ချင်း တူလို့ပေါ့ ...
ရင်ဘတ်ချင်း တူလို့ပေါ့

ရင်ဘတ်ချင်း တူလို့ပေါ့ ...

အမိမြေနဲ့ ဝေးရာမှာ ရှင်သန်ရတာ ဘယ်လောက် ခက်ခဲ ပင်ပန်းလဲဆိုတာ ပြောပြနေစရာ တောင်မလိုတော့ပါဘူး။ လမ်းပျောက်တဲ့ ဒုက္ခချင်း တူလွန်းလို့ MyTogether ရဲ့ လုပ်ငန်းစဉ်တွေကို ပြင်ဆင်နေရတဲ့ အချိန်တိုင်းက Team Member တွေ အချင်းချင်း ဖေးမရသလို၊ ခံစားခဲ့ရတာတွေက တန်ဖိုးရှိသွားပြီ၊ နောက်လူတွေအတွက် လမ်းပြဖြစ်သွားပြီ လို့ တွေးမိတိုင်း နေပူကြီးထဲ လမ်းလျှောက်ရတာပဲဖြစ်ဖြစ်၊ ပျော်ပျော်ကြီး ဆက်ပြီး ရုန်းကန်ပေးနေမိတာ။

ပျော်ပျော်ပါးပါး ပါပဲ ...
ပျော်ပျော်ပါးပါး ပါပဲ

ပျော်ပျော်ပါးပါး ပါပဲ ...

MyTogether ရဲ့ အလုပ်ခွင်က အဖွဲ့လိုက် စွမ်းအင်တွေ အပြည့်ပါပဲ ။ အခက်အခဲတွေ၊ အပြောင်းအလဲတွေ ဘယ်လောက်ပဲ ရှိပါစေ... လက်မလျှော့ဘဲ ရယ်ရယ်မောမောနဲ့ပဲ မစ်ရှင်တွေကို တစ်ဆင့်ချင်း ကျော်ဖြတ်နေကြတာပါ။ ခေါင်းချင်းရိုက်ပြီး စနစ်တွေ ပြင်ဆင်နေရတဲ့ မိနစ်တိုင်းက MyTogether Team အတွက်တော့ အချင်းချင်း ဖေးမရသလို၊ ရုန်းကန်နေရတဲ့ မြန်မာတွေအားလုံး အားကိုးလို့ရမယ့် ခိုင်မာတဲ့ ကွန်ရက်ကြီးတစ်ခု ဖြစ်လာဖို့ နှလုံးသားချင်း ထပ်တူကျစွာနဲ့ နေ့တိုင်း အလုပ်ရှုပ်နေကြပါတယ်။